Ayate

&kd; pif; wJh tdyf ruf qdk; wpf ck yg yJ tJ 'D vdk oK awG; rd w,f

0 notes

Lydia Davis

Collected Stories of Lydia Davis

ခွေးနဲ့ ကျွန်မ

ပုရွက်ဆိတ်လေးတစ်ကောင်ဟာလဲ ရှင့်ကို မော်ကြည့်နိုင်ရုံတင်သာမက သူ့လက်မောင်းတွေနဲ့ပါ ခြိမ်းခြောက်နိုင်သေးတာပဲ။ ကျွန်မဟာ လူတစ်ယောက်ဖြစ်ကြောင်းကို ကျွန်မရဲ့ခွေး မသိဘူး။ ခြံစည်းရိုးတစ်ခုခုကို ခုန်ကျော်လေ့ မရှိတဲ့ ကျွန်မကို ခွေးတစ်ကောင်လို့ သူမြင်နေတယ်။ ကျွန်မဟာ သန်မာတဲ့ ခွေးတစ်ကောင်ပါပဲ။ ဒါပေမဲ့ ပါးစပ်ကြီး အဟောင်းသားဖြဲပြီး လမ်းလျှောက်လေ့တော့ မရှိဘူးရှင့်။ ပူပြင်းတဲ့ နေ့တွေမှာလဲ ကျွန်မရဲ့လျှာကို အပြင်ထုတ်မထားတတ်ဘူး။ ဒါပေမဲ့ ကျွန်မ သူ့ကိုတော့ ဟောင်တယ်၊ “နိုး နိုး”။

- Dog and Me

Read more …

Filed under LydiaDavis fiction excerpts short stories

6 notes

အရောင်မဲ့သူ

 
“ငါဟာ တစ်ယောက်တည်းသမားပဲလို့ တွေးမိပေမယ့် ဘယ်တော့မှ အထီးကျန် မဆန်ခဲ့ဘူး။ ဒီတိုင်းပဲ အမြဲရှိနေလိမ့်မယ်လို့ ထင်ထားခဲ့တာ …”
- Tsukuru Tazaki

“သတိရစရာတွေကို မင်းဖုံးချင်ဖုံးထားလို့ရမယ်။ ဒါပေမယ့် အတိတ်ကို ဖျက်ပစ်လို့ မရဘူး။”
- Sara Kimoto

“ငါတို့ ရှင်သန်ကျန်ရစ်တယ်၊ မင်းနဲ့ငါ။ အဲလို ရှင်ကျန်ခဲ့တဲ့ သူတွေမှာ တာဝန်တစ်ခု ရှိတယ်။ ငါတို့တာဝန်က တတ်နိုင်သမျှ အကောင်းဆုံး ဆက်ရှင်သန်သွားဖို့ပဲ။ ပြီးပြည့်စုံတဲ့ ဘဝတွေ ဖြစ်မနေသည့်တိုင်ပေါ့။”
- Eri Kurono Haatainen

Read more …

Filed under murakami ColorlessTsukuru fiction excerpts

0 notes

Radiohead

Filed under radiohead poetry

1 note

ကိုဘေးတစ်ခေါက် လမ်းလျှောက်ထွက်ခြင်း

A Walk to Kobe
အော် … လွန်ခဲ့တဲ့ နှစ်သုံးဆယ်။ ကျွန်တော် အသေအချာ ပြောနိုင်တာ တစ်ခုကတော့ လူတစ်ယောက်ဟာ အသက်ပိုကြီးလာလေ အထီးကျန် ပိုဆန်လာလေ ဆိုတာပါပဲ။ လူတိုင်း အဲလိုကြီး ဖြစ်ကုန်ကြတယ်လို့ ပြောမရပေမယ့် ဒါဟာ မဟုတ်ဘူးလို့လဲ ဆိုလို့မရပြန်ဘူး။ ဆိုလိုတာက တစ်နည်းအားဖြင့် တွေးကြည့်ရင် ကျွန်တော်တို့ ဘဝတွေဟာ အထီးကျန်ဆန်ခြင်းနဲ့ ယဉ်ပါးနေသားကျလာအောင် ထောက်ပံ့ပေးရာ အဆင့်တွေကို စီရရီ တန်းထားတာတွေသာပဲ။ အဲဒီအတွက်လဲ သိပ်စောဒက တက်စရာ အကြောင်း မရှိလှဘူး။ နို့ စောဒက တက်ချင်ပြန်တော့လဲ ဘယ်သူ့ဆီများ သွားတက်ကြမတဲ့လဲ။

Read more …

Filed under murakami article excerpts a walk to kobe